Thursday, July 9, 2015

*****သို့

လောကကြီးရဲ့ချမ်းသာသုခအားလုံး
ဘာလို့တစ်ယောက်တည်းပိုင်ချင်ရတာလဲကွယ်. .
လောကရဲ့နိယာမကို နားမလည်တာလား. . .
နားမလည်ချင်ယောင်ဆောင်နေတာလား. . .

ဝတ် ရုံရှည် ဝတ်တိုင်း စူပါမင်းဖြစ်သွားမယ် ဆိုတဲ့ ကလေးဘဝအတွေးမျိုးတွေနဲ့ အရွယ်ရောက်လာတဲ့ အထိ
ငြိတွယ်ပါမလာနဲ့. . .

ပြီခဲ့ တဲ့ အတိတ် ကိုလည်း အခါခပ်သိမ်း ပြန်မကြည့်နဲ့. . .
မမြင် နိုင်တဲ့ အနာဂတ်ကိုလည်း ကြိုတွေး ရင်း အချိန်မဖြုန်းနဲ့. . .
လက် ရှိ မင်းရောက်နေတဲ့ ဘဝ လေးမှာ အကောင်းဆုံးဖြစ်အောင် ကြိုးစားနေထိုင်ပါကွယ်. . .

ဇင်မေ
10.7.2015
12:59 am

Friday, July 3, 2015

မေတ္တာခြုံရင် လုံမယ်တဲ့. . .


နှောင် ဖွဲ့ မိ ခဲ့ တဲ့ အဖြူရောင် သံယောဇဉ် မှာ ဘယ်သတ်ပုံနဲ့စစ်စစ်. . .
စာလုံးပေါင်း မမှားခဲ့ပါဘူးကွယ်. ,

ကိုယ်ကိုးကွယ်ခဲ့တာ အချစ်မှမဟုတ်တာ. ,

နီးနီးလေးပဲဖြစ်စေ. . .အဝေးဆုံးနေရာမှာပဲဖြစ်စေ. .
ကိုယ်ပို့တဲ့မေတ္တာ ကိုယ့်ရဲ့ဆောင်းရာသီဆီ
မဝေ့မဝိုက် လေနှင်ရာအတိုင်း ရောက်ပါစေ . . .

ဇင်မေ
၃.၇.၂၀၁၅
6:20 pm

Monday, June 29, 2015

ဝေးလွင့်ရာ


********
တစ်စုံတစ်ခုကိုတော့ ဆုံးဖြတ်ချက်ချပြီးပြီ. နေရာတိုင်းလိုက်ခံစားနေဖို့ဘဝကအခြေအနေမပေးဘူး. .ဝဋ်ကျွေးရှိတယ်ဆိုရင်လည်း ကိုယ် ဆပ်နေရအုံးမှာပေါ့. . .
သမီးလေးကလည်းကိုယ့်အတွက်အားဆေးတစ်ခွက်ပဲ. . . သူ့ရဲ့ အမေအပေါ် ယုံကြည်စိတ်ချမှုတွေက ကိုယ့်ဆုံးဖြတ်ချင်တွေကို အသော့နှင်နေတယ်. . .အနာဂတ်ရေသမီးလေးအတွက်ပဲ ကြည့်ပြီး လုပ်ကိုင်ဆုံးဖြတ်မှာမို့ ကိုယ့်ကို တစ်ချက်လောက်တော့ ငဲ့ကြည့်ပေးပါ.

ဇင်မေ
30.6.2015